လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ (Community Event)

Image

3 months ago

မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့မှ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
===
ပဲခူးတိုင်း ဒီဇင်ဘာ ၁

မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့မှ
ငြိမ်းချမ်းရေးကို ဦးတည်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို (၁.၁၂.၂၀၁၉) ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျောက်တန်း စံပြရွာ၊ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးတို့ဖြင့် တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် -
- လူ့အခွင့်အရေးဆိုင်ရာ ဝေါဟာရ
- မတူကွဲပြားမှု များ
- အကြမ်းမဖက် ခြင်း
- ခွဲခြားဆက်ဆံမှု များ
- လူသားအချင်းချင်း တန်ဖိုးထား လေးစားခြင်း
- အဖွဲ့ တည်ဆောက်ခြင်း
စသည့် အကြောင်းအရာများကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်း၊ ကစားနည်းများဖြင့် လှုပ်ရှားဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ဝေယျာဝစ္စ ဘက်စုံဖွံ့ဖြိုးရေးအတွက် လှူဒါန်းငွေ ပေးအပ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူ များအတွက် မုန့်အဟာရနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။


https://www.facebook.com/permalink.php?story_fbid=10162856014430105&id=209504710104&__tn__=-UC-R