တပ်မတော်မှ တရားစွဲဆိုမှုများ အပေါ် သဘောထား ကြေညာချက် စာအမှတ်။ ။ ၃/၂၀၁၉

3 months ago

တပ်မတော်မှ တရားစွဲဆိုမှုများ အပေါ်
သဘောထား ကြေညာချက်
စာအမှတ်။ ။ ၃/၂၀၁၉
ရက်စွဲ။ ။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ ရက်



၂၀၁၉ခုနှစ် ဧပြီလကတည်းက တပ်မတော်၏ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး

တရားရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ဦးကို ၂၀၁၉ခုနှစ် အောက်တိုဘာလ

၃၁ ရက်တွင် မရမ်းကုန်းမြို့နယ် တရားရုံးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်

အလုပ်နှင့်ထောင်ဒဏ် ၁နှစ် ချမှတ်လိုက်သည်။


ထို့ပြင် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်၊ ကဗျာဆရာ ဦးစောဝေနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်တို့အား ၂၀၁၉ခုနှစ် မေလအတွင်း ကော့သောင်းမြို့နယ်တွင် ကျင်းပခဲ့သည့်

ဟောပြောပွဲတစ်ခုအတွင်း ဟောပြောချက်များကြောင့် တပ်မတော်မှ ကော့သောင်းမြို့နယ်

တရားရုံးသို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးမှ

အမှုကို လက်ခံခဲ့သည်။ ဦးနေမျိုးဇင်မှာ အလားတူအမှုများဖြင့် လက်ရှိအချိန်တွင် ထောင်ဒဏ်ကျခံ

နေရဆဲဖြစ်သည်။


အလားတူပင် မြဝတီမင်းကြီးဆရာတော် အရှင် အရိယာဝံသဘိဝံသအား မီဒီယာအင်တာဗျူးတခုတွင် တပ်မတော်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပြောဆိုသည်ဟုဆိုကာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်

တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆိုရန် တပ်မတော်က ဦးတိုက်လျှောက်ထားခဲ့ပြီး အောက်တိုဘာလ ၂၄ရက်တွင် တရားရုံးမှ ပုဒ်မ ၅၀၀ ဖြင့်

တရားစွဲဆိုရန် လက်ခံခဲ့သည်။


အထက်ပါ တရားစွဲဆိုမှုများအပြင် ၂၀၁၉ခုနှစ် ဧပြီလအတွင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား

လူမှုကွန်ရက်တွင် တပ်မတော်အပေါ် ကန့်ကွက်ဝေဖန်ရေးသားမှုများ အတွက် ပုဒ်မ ၅၀၅ (က) ဖြင့်

အင်းစိန်မြို့နယ် တရားရုံးတွင် တရားစွဲဆို ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၉ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၁နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။


လက်ရှိအချိန်တွင် တပ်မတော်မှ လူပေါင်း ၇၇ ဦးထက်မနည်းကို အမှုပေါင်း ၂၄ မှုထက်မနည်းဖြင့်

တရားစွဲဆိုထားခဲ့ပြီး အချို့မှာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း အသံအဖွဲ့၏ ထုတ်ဖော်ပြောကြားချက်များအရ

သိရသည်။


မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ဦးတည်၍ လျှောက်လှမ်းနေသော ကာလဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း ဆောင်ရွက်နေချိန်ဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံ

အုတ်မြစ်များတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်သည် အရေးကြီးဆုံးသော အခွင့်အရေးတရပ်ဖြစ်ပြီး

၎င်းကို တပ်မတော် အပါအဝင် နိုင်ငံတော်၏ မဏ္ဍိုင်များ ယန္တရားများ အဖွဲ့အစည်းများနှင့် ဥပဒေများမှ အလေးအနက်ထား၍ ကာကွယ် စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင်လည်း နိုင်ငံတော်၏ ယန္တရားများနှင့် ပြည်သူများအကြား

ယုံကြည်မှုများ တည်ဆောက်ရန်မှာ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး အချက်တခုဖြစ်သည်။


“ဤသို့သော အချိန်ကာလတွင် ဒီမိုကရေစီ အခွင့်အရေးအရ ပြည်သူများ၏ လွတ်လပ်သော

အမြင်သဘောထားများ ထုတ်ဖော်ပြောဆိုမှုများကို တပ်မတော်အနေဖြင့် သဘောမတူ (သို့မဟုတ်)

သဘောမကျ စေကာမူ ဒီမိုကရေစီကျင့်စဉ် တရပ်အနေဖြင့် ရှုမြင်၍လက်ခံရန် လိုအပ်သည်။

ထိုသို့ လွတ်လပ်သည့် အမြင်သဘောထား ထုတ်ဖော်မှုများကို လက်ခံခြင်းသည်ပင် နိုင်ငံတော်၏ ဒီမိုကရေစီ ပြောင်းလဲရေးတွင် တပ်မတော်၏ ပါဝင်ဆောင်ရွက်ရမည့် တာဝန်တရပ်လည်း ဖြစ်သည်။


ယခုကဲ့သို့ တပ်မတော်မှ တရားစွဲဆိုမှုများသည် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးတရပ်ဖြစ်သော လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ချိုးဖောက်ရာရောက်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများအပေါ် အဟန့်အတားများ ဖြစ်ပေါ်စေသည်။ ထို့ပြင် ဤသို့သော တရားစွဲဆိုမှုများကြောင့် ပြည်သူလူထု၏ တပ်မတော်အပေါ် အမြင်သဘောထားများလည်း အပြုသဘောဖြင့် တိုးတက်ကောင်းမွန်လာမည်ဟု မယူဆရပေ။”


ထို့ကြောင့် ယင်းတရားစွဲဆိုမှုများနှင့် ပြစ်ဒဏ်ချမှတ်မှုများကို Generation Waveမှ ကန့်ကွက် ရှုတ်ချလိုက်သည်။ ထို့ပြင် လက်ရှိတရားစွဲဆိုထားမှုများ အားလုံးကို တပ်မတော်မှ အမြန်ဆုံး ရုတ်သိမ်းပေးရန်နှင့် အစိုးရအနေဖြင့်လည်း ပြစ်ဒဏ်ချမှတ်ခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။


ဆက်သွယ်ရန်-
ကိုမိုဃ်းသွေး ဥက္ကဌ (၀၉ ၉၇၉၂၃၈၂၂၀ )
ကိုကျော်ကျော်ဗိုလ် အမှုဆောင်ဒါရိုက်တာ (၀၉ ၄၂၁၀၈၇၉၉၂ )
မအိအိမိုး Advocacy Coordinator (၀၉ ၇၉၈၄၆၈၃၂၆ )