ငြိမ်းချမ်းရေးသီချင်းတွေပါဝင်တဲ့ " ကျည်ဆံတွေအစား ပန်းများပွင့်စေ" တေးစီးရီး စတင်မိတ်ဆက်

Image

3 months ago

ငြိမ်းချမ်းရေးသီချင်းတွေပါဝင်တဲ့ " ကျည်ဆံတွေအစား ပန်းများပွင့်စေ" တေးစီးရီး စတင်မိတ်ဆက်

=============

မြန်မာနိုင်ငံမှာ ကာလကြာရှည်စွာဖြစ်ပွားပြီး ဒီကနေ့အထိ ချုပ်ငြိမ်းနိုင်ခြင်းမရှိသေးတဲ့ ပြည်တွင်းစစ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ရည်ရွယ်ထုတ်ဝေလိုက်တဲ့ " ကျည်ဆံတွေအစား ပန်းများပွင့်စေ" ဆိုတဲ့ တေးစီးရီးသစ်ကို တေးသံရှင်တွေက စတင်မိတ်ဆက်လိုက်ပါတယ်။


ရန်ကုန်မြို၊ Orchid ဟိုတယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့၊ နေ့လည်ပိုင်းက ဒီတေးစီးရီးကို စီစဉ်ထုတ်ဝေခဲ့ တဲ့ Generation Wave အဖွဲ့သားတွေနဲ့ ပါဝင်သီဆိုထားတဲ့ တေးသံရှင်တွေက မိတ်ဆက်ခဲ့တာပါ။ ဒီတေးစီးရီး ထဲမှာ တေးသံရှင်ဖြူဖြူကျော်သိန်းက တေးရေး ကျော်ဝင်းသန့်ရေးထားတဲ့ မျက်ရည်(သံလွင်ရေတွေ ငိုနေပြီ) ဆိုတဲ့ တေးသီချင်းတစ်ပုဒ်ကို ပါဝင်သီဆို ထားပါတယ်။


ရိုက်ကူး၊တည်းဖြတ်-ဒေါင်းလူ

https://www.facebook.com/MizzimaDaily/videos/327130397837641/