Generation Wave

Image

2 months ago

မိမိတို့အကြောင်း

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ ပြည်သူတို့၏ ရပိုင်ခွင့်များ ရရှိရေးအတွက် လူငယ်တို့၏ ဆန်းသစ်တီထွင်မှုများနှင့် အကြမ်းမဖက် လှုပ်ရှားမှုများ ကိုဖော်ဆောင်နေသည့် ရွှေဝါရောင် တော်လှန်ရေး (စက်တင်ဘာ ၂၀၀၇၊ သံဃာ့အရေးအခင်း) မှ ပေါက်ဖွားလာသော မျိုးဆက်သစ်လူငယ်များ အဖွဲ့အစည်းဖြစ်သည်။

 

ရည်မှန်းချက်

-        လွတ်လပ်တရားမျှတ၍ ငြိမ်းချမ်းသော နိုင်ငံဖြစ်လာစေရန်။

 

ဦးတည်ချက်

-       လူ့အခွင့်အရေးကို အခြေခံသော ဒီမိုကရေစီအလေ့အကျင့် ရှင်သန်ပျံ့ပွား တည်တံ့စေရန်။

-       တရားမျှတသော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာစေရန်။

-       ပြည်သူတရပ်လုံးမှ အသိပညာနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်လာစေရန်။

-       တိုင်းပြည်ကို တာဝန်ယူ ဦးဆောင်နိုင်သည့် လူငယ်ထု တည်ဆောက်ရန်။

မူဝါဒလမ်းစဉ်

-       အကြမ်းမဖက်နိုင်ငံရေး နည်းလမ်းများကိုသာ GW ၏လမ်းစဉ်အဖြစ်ကျင့်သုံးသွားပါမည်။

-       အခြားသော မူဝါဒတူ အစုအဖွဲ့များနှင့် အပြန်အလှန်ချိတ်ဆက်သွားပါမည်။

-       ငြိမ်းချမ်းစွာ ရင်ဆိုင်ဖြေရှင်းရေးကိုသာ ခိုင်မာစွာ ကိုင်စွဲလှုပ်ရှားသွားမည်။