ကြားလား… မြင်လား… မဝေဝါးနဲ့….. သူငယ်ချင်း

2 months ago


ကြားလား… မြင်လား… မဝေဝါးနဲ့….. သူငယ်ချင်း (ဇေယျာသော်)


ငါပြောတာကို မင်းကြားပါစ …?
ဒါမှမဟုတ်
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ။
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ , ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို …..
မကြားဘဲ မနေလိုက်ပါနဲ့ သူငယ်ချင်း ။      ။

မြင်အောင်ကြည့်ပါလို့ ငါကပြောတော့
မင်းကဖြေတယ် ,
မြင်တယ်လေ မြင်တယ်၊ မြင်နေသားပဲ တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ…?
သတိပဌာန်တရားတွေ ရှုမှတ်ပွားနေသလို
” မြင်တယ် ” လို့မှတ်၊ ” မြင်သိစိတ် ” မှာတင်ရပ်နေရင်
ဟောဒီ လောကီ အရေးမှာ …..
အလုပ်ဟာ မဖြစ်သေးဘူး သူငယ်ချင်း ။        ။

မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်ရဲ့အသံ
မင်းမြင်နေရတဲ့ ပုံမှန်မဟုတ်၊ လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို ၊ မမြင်သလိုနဲ့
ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေ မပိုတော့ဘူး သူငယ်ချင်း ။      ။