#ReformMNHRC သတင်းစာရှင်းလင်းပွဲ နှင့် UPR ပူးတွဲတင်ပြချက်အား တိုက်ရိုက်ထုတ်လွင့်ခြင်း

Image

1 month ago

#ReformMNHRC သတင်းစာရှင်းလင်းပွဲ နှင့် UPR ပူးတွဲတင်ပြချက်အား တိုက်ရိုက်ထုတ်လွင့်ခြင်း
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) အနေဖြင့် ပြည်သူလူထု၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်မြှင့်တင်ပေးနိုင်မည့် လွတ်လပ်အမှီအခိုကင်း၍ ယုံကြည်ရသော လူ့အခွင့်အရေး ကော်မရှင်တစ်ရပ်ဖြစ်လာစေရန် အဖွဲ့အစည်း (၂၂) ဖွဲ့ပါဝင်ဖွဲ့စည်းထားသည့် MNHRC ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့မှ တတိယအကြိမ် UPR သို့တင်သွင်းခဲ့သော အချက်အလက်များနှင့် အကြံပြုအတိုက်တွန်းချက်များကို တင်ပြဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထိုအပြင် လတ်တလောကြုံတွေ့နေရသော လူ့အခွင့်အရေးအခြေအနေများအပေါ် MNHRC ၏ ဆောင်ရွက်ချက်များကိုလည်း သုံးသပ်သွားပါမည်။
Moderator အနေဖြင့် Progressive Voice မှ အမှုဆောင်ဒါရိုက်တာ နန်းဇွန်မိုးမှ ဆောင်ရွက်သွားမှာဖြစ်ပြီး အဓိကဆွေးနွေးတင်ပြသွားမည့်သူများမှာ
• ကိုအောင်ဇော်ဦး၊ ဆက်သွယ်ရေးနှင့်စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)
• မသက်သက်အောင်၊ ဒါရိုက်တာ၊ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
• ကိုဘိုဘို၊ အမှုဆောင်ဒါရိုက်တာ၊ မျိုးဆက်လှိုင်း (GW)
• လွေးပိုးကမေဲ့ခြိူဝ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
MNHRC ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များအပါအဝင် UPR အလုပ်အဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေးသို့ တင်သွင်းထားသည့် ပူးတွဲတင်ပြချက်အပြည့်အစုံကို ဝင်ရောက်ဖတ်ရှုနိုင်သော လင့်ခ် https://bit.ly/33UqZEf
ပူးတွဲတင်ပြချက်အကျဉ်းချုပ် Factsheet အတွက်လင့်ခ် https://bit.ly/2G3MrOB
MNHRC ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့၏ (Reform MNHRC) facebook စာမျက်နှာ https://www.facebook.com/ReformMNHRC/

https://www.facebook.com/209504710104/videos/623716311673523