၂၀၀၇ ခုနှစ်စက်တင်ဘာလတွင် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံမြို့ကြီးများတွင်


ရဟန်းရှင်လူကျောင်းသား မိဘပြည်သူများသည် ကြွေးကျော်သံများနှင့် ရဲဝင့်စွာ ချီတက် အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး အတွက်ဆန္ဒပြလျှက်ရှိကြသည်။ထိုဆန္ဒုပြသူများထဲတွင် လူငယ်လေးဦးသည်လည်း မိမိတို့ နီးစပ်ရာလမ်းကြောင်းများမှ ချီတက် ဆန္ဒပြလျှက်ရှိကြသည်။စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးသည် အာဏာသိမ်းစစ်အုပ်စု၏အကြမ်းဖက် ဖြိုခွဲမှုကြောင့် ရဟန်းရှင်လူ ကျောင်းသားမိဘ ပြည်သူများ အသက်များစတေးကာ သွေးမြေကျခဲ့ရသည်။ အာဏာသိမ်းစစ်အုပ်စုသည် ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွဲပြီး ပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြုကာ ဆက်လက် အာဏာသိမ်းအမြတ်ထုတ် ဂုတ်သွေးစုပ်လျှက်ရှိကြသည်။စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် အုတ်တချပ် သဲတပွင့်အဖြစ် ပါဝင်ခဲ့သော ထိုလူငယ်လေးဦးသည် နှစ်ပေါင်း၂၀ ကျော်မျှ မတရားဖိနှိပ်အုပ်ချုပ်ခဲ့သော အာဏာသိမ်း စစ်အုပ်စုကျဆုံးရေးနှင့် ဒီမိုကရေစီရေးအတွက် မိမိတို့၏ တာဝန်ကျရောက်လာပြီဟု ကိုယ်စီ ခံယူဆုံးဖြတ်ခဲ့ကြသည်။

ဇေယျာသော်(ခ)ဖြိုးဇေယျာသော်၊အောင်ဇေဖြိုး၊မိုးဃ်သွေး၊ မင်းရန်နိုင်တို့သည် ၁၉၉၆၊၁၉၉၈ ကျောင်းသားလှုပ်ရှားမှု များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ၊ရွှေဝါရောင်တော်လှန်ရေးကြီး အကြမ်းဖက်ဖြိုခွဲခံရအပြီးတွင် ၎င်းတို့အချင်းအချင်း ပြန်လည်ဆက်သွယ်ကာ မိမိတို့၏ခံစားချက်များကို တိုင်ပင်ဆွေးနွေးကြပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၉ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေးအတွက် Generation Wave (မျိူးဆက်သစ်လူငယ်များ)ကို တည်ထောင်ဖွဲ့စည်းလိုက်ကြသည်။





စတင်ထူထောင်သူများ

team-image
အောင်ဇေဖြိုး

team-image
မင်းရန်နိုင်

team-image
မိုးဃ်သွေး

team-image
ဇေယျာသော်