လိင်ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှုများအားလုံးကို ဆန့်ကျင်သည့်လှုပ်ရှားမှု

နို၀င်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ #၁၆ရက်တာလှုပ်ရှားမှု ဟာလိင်ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှုများအားလုံးကို ဆန့်ကျင်သည့်လှုပ်ရှားမှုကြီး တရပ်ဖြစ်ပြီး ထိုလှုပ်ရှားမှုကို မြန်မာနိုင်ငံအပါ၀င် နိုင်ငံပေါင်း ၉၀ ကျော်မှ လူ့အခွင့်အရေးထွန်းကားလာရေးနှင့် အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှမှု ရရှိလာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပြဿနာများကို ပြည်သူများအနေဖြင့် အသိပညာများ ပိုမိုသိရှိလာစေရန် နှင့် ထိရောက်စွာ ကာကွယ်မြှင့်တင်ရန်အတွက် လှုပ်ရှားမှုအစီအစဉ်အမျိုးမျိုးဖြင့် ကျင်းပလျှက်ရှိပါတယ်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများအားလုံးအားရပ်တန့်ခြင်းအားဖြင့် ဘေးကင်းလုံခြုံ၊ ငြိမ်းချမ်းသည့် လူ့ဘောင်တရပ်ကို တည်ဆောက်ကြရန် ဖဲကြိုးဖြူများတပ်ဆင်ခြင်းအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု၊ ကျူးလွန်မှုများကို ဆန့်ကျင်ကြောင်းနှင့် အကြမ်းဖက်မှုများကို ရေငုံနှုတ်ပိတ်မနေဘဲ ထုတ်ဖော်ပြောဆိုကြပါရန် ကျွန်ုပ်တို့ Generation Wave မှ ပါဝင်တိုက်တွန်းလိုက်ရပါတယ်။