Generation Wave(မျိူးဆက်လှိုင်း) စတင်တည်ထောင်ခြင်း

အဖွဲ့အစည်း မိတ်ဆက်

++++++++++++++++++++++++++++++++++++++++++

Generation Wave သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် လူငယ် ကျောင်းသား နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြင့် အောက်တိုဘာလ ၉ ရက် ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။စတင်ဖွဲ့စည်းချိန်မှစ၍ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် မြေအောက်နိုင်ငံရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။ အကြမ်းမဖက် နိုင်ငံရေး လှုပ်ရှားမှု သင်တန်းများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများလည်း စီစဉ်ပို့ချခဲ့ပြီး အသိပညာပေး လှုပ်ရှားမှုစွာကို ပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုများကြောင့် အဖွဲ့ဝင် အမြောက်အမြား စစ်အစိုးရ၏ ဖမ်းဆီး ထောင်ချခြင်းများကို ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရ ပြောင်းလဲလာသည့် အခြေအနေများအရ မြေပေါ်အဖွဲ့အစည်း ပုံစံဖြင့် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို စဉ်ဆက်မပြတ် လုပ်ဆောင်လျှက်ရှိသည်။ အသိပညာပေးလုပ်ဆောင်မှုများ၊ စွမ်းရည်မြှင့်တင်ခြင်းများ၊ ဥပဒေ နှင့် မူဝါဒရေးရာ ပြောင်းလဲမှုများအတွက် တိုက်တွန်း လှုံ့ဆော်မှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ အရပ်ဖက် အဖွဲ့အစည်းများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ နှင့် ပူးပေါင်း ဆောင်ရွက်မှုများ သည် Generation Wave ၏ လှုပ်ရှားမှုပုံစံများ ဖြစ်သည်။

လက်ရှိကာလတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို စွမ်းရည်မြှင့်သင်တန်းပေးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးများ တိုးတက်လာစေရန် စည်းရုံးတိုက်တွန်း လှုံဆော်ခြင်းများ ပြုလုပ်လျက်ရှိသည်။

===================================================

===