မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးထောင်ချခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့်၊ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ခြင်း
မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့သည် ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရသည့် ဖြစ်စဥ်များအနက် တရားဥပဒေမဲ့ ဖမ်းဆီးပြီး အကြောင်းမဲ့ သတ်ဖြတ်ခြင်း (Extrajudicial Killing)၊ မတရားဖမ်းဆီး ချုပ်နှောင် အကျဉ်းချခြင်း (Arbitrary Arrest and Detention)၊ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်တားဆီးခြင်း (Denial of Freedom of Movement) တို့နှင့် ပတ်သက်၍ လေ့လာသုံးသပ်မှုများပြုလုပ်လျှက် ရှိပါသည်။
ဤပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ သည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ အတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည့် အချက်အလက်များအပေါ်အခြေခံ၍ နောက်ဆက်တွဲ အင်တာဗျုးများ ပြုလုပ်ကာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရသည့် ဖြစ်စဥ်များကို ဖော်ထုတ်တင်ပြထားခြင်း ဖြစ်သည်။
ဤအစီရင်ခံစာကို အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။