မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးချိုးဖောက်ခံရမှုများ

ဇွန်လ ၁၆ရက်မှ စက်တင်ဘာလ ၁၅ရက်အထိ ” မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးချိုးဖောက်ခံရမှုများ” ဆိုင်ရာ အစီရင်ခံစာကို တင်ပြလိုက်ရပါသည်။
စောင့်ကြည့်လေ့လာတွေ့ရှိချက်များအရ –
#ဉပဒေမဲ့သတ်ဖြတ်ခြင်း ခံရသူ ( ၄၆ )ဦး
#မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ (၁၂၄)ဦး
#လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်တားဆီးခြင်း ခံရသူ (၅၈) ဦး ရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ဧရာဝတီတိုင်းတို့တွင် ဥပဒေမဲ့သတ်ဖြတ်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်၊ ရဲ ၊ အစိုးရဝန်ထမ်းများမှ ကျူးလွန်ခဲ့ကြပြီး လက်သည်မပေါ်သည့် ဥပဒေမဲ့သတ်ဖြတ်မှုများကိုလည်း တွေ့ရှိရပါသည်။
မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများတွင်-
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၂၃)ဦး  လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ (၈)ဦး  နိုင်ငံရေးပါတီဝင် (၂)ဦး
သတင်းမီဒီယာ (၁)ဦး အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း တွေ့ရှိရပါသည်။ ထို့ပြင်- ကလေးငယ် (၄)ဦး၊ အမျိုးသမီး (၃၉)ဦးနှင့်အမျိုးသား (၁၅)ဦး တို့သည် လွတ်လပ်စွာသွားလာခွင့် တားဆီးပိတ်ပင်ခံခဲ့ရပြီး အများစုမှာ ဘာသာခြား လူနည်းစုဝင်များနှင့် လူမျိုးခြား လူနည်းစုဝင်များဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
Generation Wave အဖွဲ့၏ သတင်းမီဒီယာအခြေပြု လေ့လာစောင့်ကြည့်မှုအရ ” ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာ အသေးစိတ်ကို အောက်ပါ Link တွင် ကူးယူရရှိနိုင်ပါသည်။