ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများ(စက်တင်ဘာလ ၁၆ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိ)

စက်တင်ဘာလ ၁၆ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိ ” မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးချိုးဖောက်ခံရမှုများ” ဆိုင်ရာ အစီရင်ခံစာကို တင်ပြလိုက်ရပါသည်။ စောင့်ကြည့်လေ့လာတွေ့ရှိချက်များအရ –
ရှိကြောင်း တွေ့ရှိရပါသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပါအဝင် ရှမ်းပြည်နယ်တွင် ဥပဒေမဲ့သတ်ဖြတ်ခံရမှုဖြစ်စဉ် (၄)ခုဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း #ဥဒေမဲ့သတ်ဖြတ်မှုဖြစ်စဉ် (၉)ခုဖြစ်ပွားခဲ့ပါသည်။
ဥပဒမဲ့သတ်ဖြတ်မှုဖြစ်စဉ် (၁၃)အနက်မှ စစ်တပ်မှ (၉)ခု ၊ တိုင်းရင်းသားလက်နက်ကိုင် (၁)ခု နှင့် လက်သည်မပေါ် (၃)ခု ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ရခိုင်ပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မတရားဖမ်းဆီးခံရမှုအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦး၊ လူ့အခွင့်အရေးလှုပ်ရှားသူ (၃)ဦးနှင့်သတင်းမီဒီယာ (၁)ဦး တို့ မတရားဖမ်းဆီးခံခဲ့ရပါသည်။
ထို့ပြင် အမျိုးသမီး (၁၂)ဦးနှင့်အမျိုးသား (၅)ဦး တို့သည် #လွတ်လပ်စွာသွားလာခွင့်တားဆီးပိတ်ပင်ခံခဲ့ရပြီး အများစုမှာ အစ္စလာမ်ဘာသာဝင်များနှင့် ရိုဟင်ဂျာလူမျိုးများဖြစ်ကြကြောင်း တွေ့ရှိရပါသည်။
ဥပဒေမဲ့သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုနှင့် လွတ်လပ်စွာသွားလာခွင့်တားဆီးပိတ်ပင်မှုများတွင် စစ်တပ်မှ အများဆုံးကျူးလွန်ကြောင်း လေ့လာတွေ့ရှိရပါသည်။
Generation Wave အဖွဲ့၏ သတင်းမီဒီယာအခြေပြု လေ့လာစောင့်ကြည့်မှုအရ ” ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာ အသေးစိတ်ကို အောက်ပါ Link တွင် ကူးယူရရှိနိုင်ပါသည်။