နီပေါလ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများသို့ လေ့လာရေးခရီး

Generation Wave အဖွဲ့မှ အဖွဲ့ဝင်များသည် နီပေါလ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ  ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၆ရက်မှ သြဂုတ်လ ၂ရက်ထိ နီပေါလ်နိုင်ငံ ခတ္တမန္ဒူမြို့သို့ နှီးနှောဖလှယ် လေ့လာရေးခရီးသွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း နီပေါလ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် Asian Academy for Peace and Development,  Support Nepal, Collective Campaign For Peace COCAP, Women for Human Rights, Advocacy Forum, Nagarik Aawaz, Bikalpa အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီးနီပေါလ်နိုင်ငံ၏ အခြေခံဥပဒေ ရေးဆွဲမှုဖြစ်စဉ်၊ ငြိမ်းချမ်းရေး၊လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းမှုကာလ တရားမျှတရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာခဲ့ပြီး မြန်မာနိုင်ငံမှ လက်ရှိဖြစ်စဉ်များကိုလည်း ပြန်လည်မျှဝေ ဆွေးနွေးကာ နှီးနောဖလှယ်ခဲ့ကြသည်။