ဥပဒေမဲ့ သတ်ဖြတ်ခြင်း

Extra Judiciary Killing (ဥပဒေမဲ့ သတ်ဖြတ်ခြင်း)
မြန်မာနိုင်ငံတွင် ဒေသသီသီးတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း (၇၀) ကျော်လွန်ခဲ့ပြီဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးစည်းစိမ်များ ထိခိုက်နစ်နာခဲ့ကြသည်မှာလည်း မရေတွက်နိုင်အောင် များပြားခဲ့ပြီဖြစ်သည်။ ထိခိုက်နစ်နာမှုများတွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ များပြားစွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြပြီး ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် ပြည်သူများ၏ အသက်များ မည်မျှထပ်မံ စတေးရဦးမည်လဲ။ မည်သူတွေအတွက် ပြည်တွင်းစစ်ကို ဆင်နွှဲနေကြပါလဲ။ ပြည်တွင်းစစ်ကို ပြည်သူများအနေဖြင့် ရွံရှာမုန်းတီး စက်ဆုပ်နေကြပြီဖြစ်သည်။ ပြည်တွင်း စစ်များ အမြန်ဆုံး ရပ်တန့်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းလိုက်ပါသည်။
မျိုးဆက်လှိုင်း Generation Wave အနေဖြင့် ပြည်တွင်း စစ်ကြောင့် ဥပဒေမဲ့ သတ်ဖြတ်ခံရသော ပြည်သူများအား မှတ်တမ်းတင်ထားရာ ဒီဇင်ဘာလ ၂၀၁၉ မှ ဂျွန်လ ၂၀၂၀ထိ ကိုးလတာအတွင်းတွင် လူဦးရေပေါင်း (၆၇) ဦး ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရပါသည်။
ဤအချက်အလက်များကို ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အချက်အလက်များမှ ကောက်ယူထားခြင်းဖြစ်သည်။
https://www.facebook.com/209504710104/videos/937841480024219