Entries by GenerationWave

မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးချိုးဖောက်ခံရမှုများ

ဇွန်လ ၁၆ရက်မှ စက်တင်ဘာလ ၁၅ရက်အထိ ” မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးချိုးဖောက်ခံရမှုများ” ဆိုင်ရာ အစီရင်ခံစာကို တင်ပြလိုက်ရပါသည်။ စောင့်ကြည့်လေ့လာတွေ့ရှိချက်များအရ – #ဉပဒေမဲ့သတ်ဖြတ်ခြင်း ခံရသူ ( ၄၆ )ဦး #မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ (၁၂၄)ဦး #လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်တားဆီးခြင်း ခံရသူ (၅၈) ဦး ရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ဧရာဝတီတိုင်းတို့တွင် ဥပဒေမဲ့သတ်ဖြတ်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်၊ ရဲ ၊ အစိုးရဝန်ထမ်းများမှ ကျူးလွန်ခဲ့ကြပြီး လက်သည်မပေါ်သည့် ဥပဒေမဲ့သတ်ဖြတ်မှုများကိုလည်း တွေ့ရှိရပါသည်။ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများတွင်- ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၂၃)ဦး  လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ (၈)ဦး  နိုင်ငံရေးပါတီဝင် (၂)ဦး သတင်းမီဒီယာ (၁)ဦး အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း တွေ့ရှိရပါသည်။ […]

အရပ်ဖက်အဖွဲ့အစည်းများမှ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုခြင်း

သတင်းထုတ်ပြန်ချက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ [၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်] မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) မှ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူ့အခွင့်အရေးများကို ပိုမိုကောင်းမွန်စွာ ကာကွယ်မြှင့်တင်ပေးနိုင်သော ကော်မရှင်တစ်ရပ် ဖြစ်ရန်အတွက် ဥပဒေပိုင်းဆိုင်ရာ အာမခံချက်များ ရှိစေရေး လုပ်ဆောင်သွားရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့) မှ မြန်မာအစိုးရအား ယနေ့တွင် တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အင်ဒရူးစ် (Mr. Tomas Andrews) မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံ၏ […]

ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး

(Generation Wave) အဖွဲ့သည် ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရသည့် ဖြစ်စဥ်များအနက် တရားဥပဒေမဲ့ ဖမ်းဆီးပြီး အကြောင်းမဲ့ သတ်ဖြတ်ခြင်း (Extrajudicial Killing)၊ မတရားဖမ်းဆီး ချုပ်နှောင် အကျဉ်းချခြင်း (Arbitrary Arrest and Detention)၊ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်တားဆီးခြင်း (Denial of Freedom of Movement) တို့နှင့် ပတ်သက်၍ လေ့လာသုံးသပ်မှုများ ပြုလုပ်လျှက် ရှိပါသည်။ ဤပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ သည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ အတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည့် အချက်အလက်များအပေါ်အခြေခံ၍ နောက်ဆက်တွဲ အင်တာဗျုးများ ပြုလုပ်ကာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး […]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ပိတ်ပင်မှုကိစ္စနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ပိတ်ပင်မှုကိစ္စနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၃) ရက်   ၁။ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ဆောင်ရွက်နေသော နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးစနစ် ရှင်သန် အားကောင်းလာစေရန်အတွက်ရွေးကောက်ပွဲများသည် အခရာကျသလို အဆိုပါ ရွေးကောက်ပွဲများသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းဟူသည့် အခြေခံဝိသေသ နှစ်ရပ်ဖြင့်လည်း ခြွင်းချက်မရှိ ပြည့်စုံရမည် ဖြစ်သည်။ ၂။ အရပ်သားအစိုးရက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်  တာဝန်ယူကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် စစ်တပ်  အသွင်ပြောင်းအစိုးရက တာဝန်ယူ ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမို၍ လွတ်လပ်တရားမျှတမှု ရှိကြောင်း အခိုင်အမာ သက်သေပြနိုင်မှသာ  မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ယုံကြည်စွာ မဲပေးကြမည် ဖြစ်သလို နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကိုလည်း […]

ရွေ့ပြောင်း၊ သွားလာ၊ နေထိုင်ခွင့်ကို တားဆီးခြင်း/ငြင်းပယ်ခြင်း

လွတ်လပ်စွာ ရွေ့ပြောင်း၊ သွားလာ၊ နေထိုင်ခွင့်ကို တားဆီးခြင်း/ငြင်းပယ်ခြင်း – Denial of Freedom of Movement လူသားတိုင်းတွင် လွတ်လပ်စွာ ရွေ့ပြောင်းသွားလာခွင့်နှင့် နေထိုင်ခွင့်ရှိသည်။ လူသားတိုင်းသည် ရေကြည်ရာ မြက်နုရာ ရွေ့ပြောင်းသွားလာ နေထိုင်ခဲ့ကြသည်မှာ ရှေးယခင်ကတည်းက ဖြစ်သည်။ စား၊ ဝတ်၊ နေရေး အခက်အခဲကြောင့် ပိုမိုကောင်းမွန်သော နေရာများသို့ ရွေ့ပြောင်းသွားလာမှုများ ရှိကြသကဲ့သို့ ခဏတာ အကြောင်းကိစ္စ ရပ်များဖြင့်လည်း သွားလာမှုများ ပြုလုပ်ကြပါသည်။ ထိုသွားလာခွင့်များအတွက် ခွင့်ပြုပေးရမည်ဖြစ်သည်။ ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်လျှင် ပိတ်ပင်ခြင်းခံရသူများအတွက်သာ ဖြစ်ရပါမည်။ (ဥပမာ – သဘာဝ ဘေးအန္တရာယ် ရှိသောကြောင့် သွားလာခွင့်ကို ပိတ်ပင်ခြင်း) အကြောင်းမဲ့ ပိတ်ပင် တားဆီးခြင်းမျိုး ပြုလုပ်ခြင်းသည် လူသားများအတွက် ရပိုင်ခွင့်ကို ချိုးဖောက်ခြင်း […]

ဥပဒေမဲ့ သတ်ဖြတ်ခြင်း

Extra Judiciary Killing (ဥပဒေမဲ့ သတ်ဖြတ်ခြင်း) မြန်မာနိုင်ငံတွင် ဒေသသီသီးတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း (၇၀) ကျော်လွန်ခဲ့ပြီဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးစည်းစိမ်များ ထိခိုက်နစ်နာခဲ့ကြသည်မှာလည်း မရေတွက်နိုင်အောင် များပြားခဲ့ပြီဖြစ်သည်။ ထိခိုက်နစ်နာမှုများတွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ များပြားစွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြပြီး ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် ပြည်သူများ၏ အသက်များ မည်မျှထပ်မံ စတေးရဦးမည်လဲ။ မည်သူတွေအတွက် ပြည်တွင်းစစ်ကို ဆင်နွှဲနေကြပါလဲ။ ပြည်တွင်းစစ်ကို ပြည်သူများအနေဖြင့် ရွံရှာမုန်းတီး စက်ဆုပ်နေကြပြီဖြစ်သည်။ ပြည်တွင်း စစ်များ အမြန်ဆုံး ရပ်တန့်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းလိုက်ပါသည်။ မျိုးဆက်လှိုင်း Generation Wave အနေဖြင့် ပြည်တွင်း စစ်ကြောင့် ဥပဒေမဲ့ […]

Covid– 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ

Covid– 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း (ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ) ဖြစ်ပေါ်ခဲ့သော  လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်ဖြစ်စဥ်များ၊ ပစ်ခတ်တိုက်ခိုက်မှုများကြား ထိခိုက်/ သေဆုံးမှုများ ကို သတင်းမီဒီယာများ၏ဖော်ပြချက်များမှ အချက်အလက်များ စုဆောင်းထားရှိပါသည်။ အဆိုပါဖြစ်စဉ်များအား Generation Wave အဖွဲ့မှ မှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ကိုဘိုဘို ၀၉ ၄၂၁၀၈၇၉၉၂ ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

လူနည်းစုတိုင်းရင်းသားများနှင့် လူနည်းစုဘာသာဝင်များ၏ နိုင်ငံသားကဒ်(မှတ်ပုံတင်) ပြုလုပ်ရာတွင် ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများ

“လူနည်းစုတိုင်းရင်းသားများနှင့် လူနည်းစုဘာသာဝင်များ၏ နိုင်ငံသားကဒ်(မှတ်ပုံတင်) ပြုလုပ်ရာတွင် ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအား သုသေသနပြုလုပ်ခြင်းဆိုင်ရာ အစီရင်ခံစာ” အပြည့်အစုံရယူရန်