Entries by GenerationWave

Covid– 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ

Covid– 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း (ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ) ဖြစ်ပေါ်ခဲ့သော  လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်ဖြစ်စဥ်များ၊ ပစ်ခတ်တိုက်ခိုက်မှုများကြား ထိခိုက်/ သေဆုံးမှုများ ကို သတင်းမီဒီယာများ၏ဖော်ပြချက်များမှ အချက်အလက်များ စုဆောင်းထားရှိပါသည်။ အဆိုပါဖြစ်စဉ်များအား Generation Wave အဖွဲ့မှ မှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ကိုဘိုဘို ၀၉ ၄၂၁၀၈၇၉၉၂ ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။  

လူနည်းစုတိုင်းရင်းသားများနှင့် လူနည်းစုဘာသာဝင်များ၏ နိုင်ငံသားကဒ်(မှတ်ပုံတင်) ပြုလုပ်ရာတွင် ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများ

“လူနည်းစုတိုင်းရင်းသားများနှင့် လူနည်းစုဘာသာဝင်များ၏ နိုင်ငံသားကဒ်(မှတ်ပုံတင်) ပြုလုပ်ရာတွင် ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအား သုသေသနပြုလုပ်ခြင်းဆိုင်ရာ အစီရင်ခံစာ” အပြည့်အစုံရယူရန်

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အထောက်အကူပြု သင်တန်း

Generation Wave အဖွဲ့မှ ရန်ကုန်မြို့တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အထောက်အကူပြု သင်တန်းကို ဒုတိယအကြိမ် အောက်မြန်မာပြည် ဒေသများဖြစ်သော တနင်္သာရီ၊ မွန်၊ ကရင်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ ရခိုင် ဒေသများမှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် (၂၄.၂.၂၀၂၀ မှ ၂၈.၂.၂၀၂၀ ထိ) (၅) ရက် သင်တန်း ပြုလုပ်ခဲ့ပါသည်။ သင်တန်းခေါင်းစဉ်များ အနေဖြင့် – (၁) လူ့အခွင့်ရေးအဓိပ္ပါယ်ဖွင့်ဆိုချက် (၂) လူ့အခွင့်အရေး အပိုဒ် ၃၀ (၃) အခွင့်အရေး အမျိုးအစားများ (၄) နိုင်ငံတကာစာချုပ်များနှင့် ဖြစ်ပေါ်လာပုံ၊ လူ့အခွင့်အရေး စာချုပ်များကို လက်မှတ်ရေးထိုးပုံ အဆင့်ဆင့် (၅) နိူင်ငံတကာ လူ့အခွင့်အရေးစာချုပ်များနှင့် နောက်ဆက်တွဲစာချုပ်များ (၆) Human Rights […]

မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးထောင်ချခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့်၊ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ခြင်း

မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့သည်  ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရသည့် ဖြစ်စဥ်များအနက် တရားဥပဒေမဲ့ ဖမ်းဆီးပြီး အကြောင်းမဲ့ သတ်ဖြတ်ခြင်း (Extrajudicial Killing)၊ မတရားဖမ်းဆီး ချုပ်နှောင် အကျဉ်းချခြင်း (Arbitrary Arrest and Detention)၊ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်တားဆီးခြင်း (Denial of Freedom of Movement) တို့နှင့် ပတ်သက်၍ လေ့လာသုံးသပ်မှုများပြုလုပ်လျှက် ရှိပါသည်။ ဤပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ သည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ အတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည့် အချက်အလက်များအပေါ်အခြေခံ၍ နောက်ဆက်တွဲ အင်တာဗျုးများ ပြုလုပ်ကာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး […]

မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့မှ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်း ဒီဇင်ဘာ ၁ မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့မှ ငြိမ်းချမ်းရေးကို ဦးတည်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို (၁.၁၂.၂၀၁၉) ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျောက်တန်း စံပြရွာ၊ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးတို့ဖြင့် တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် – – လူ့အခွင့်အရေးဆိုင်ရာ ဝေါဟာရ – မတူကွဲပြားမှု များ – အကြမ်းမဖက် ခြင်း – ခွဲခြားဆက်ဆံမှု များ – လူသားအချင်းချင်း တန်ဖိုးထား လေးစားခြင်း – အဖွဲ့ တည်ဆောက်ခြင်း စသည့် အကြောင်းအရာများကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်း၊ ကစားနည်းများဖြင့် […]

လူ့အခွင့်အရေး ကာကွယ်စောက်ရှောက်သူများ အထောက်အကူပြု သင်တန်း

Generation Wave အဖွဲ့မှ ရန်ကုန်မြို့တွင် လူ့အခွင့်အရေး ကာကွယ်စောက်ရှောက်သူများ အထောက်အကူပြု သင်တန်းကို အောက်မြန်မာပြည် ဒေသများဖြစ်သော တနင်္သာရီ၊ မွန်၊ ကရင်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ ရခိုင် ဒေသများအတွင်းမှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် (၁၄.၁၁.၂၀၁၉ မှ ၁၈.၁၁.၂၀၁၉ ထိ) (၅) ရက် သင်တန်း ပြုလုပ်ခဲ့ပါသည်။ သင်တန်းခေါင်းစဉ်များ အနေဖြင့် – (၁) လူ့အခွင့်ရေးအဓိပ္ပါယ်ဖွင့်ဆိုချက် (၂) လူ့အခွင့်အရေး အပိုဒ် ၃၀ (၃) အခွင့်အရေး အမျိုးအစားများ (၄) နိုင်ငံတကာစာချုပ်များနှင့် ဖြစ်ပေါ်လာပုံ၊ လူ့အခွင့်အရေး စာချုပ်များကို လက်မှတ်ရေးထိုးပုံ အဆင့်ဆင့် (၅) နိူင်ငံတကာ လူ့အခွင့်အရေးစာချုပ်များနှင့် နောက်ဆက်တွဲစာချုပ်များ (၆) Human Rights Defender […]

တပ်မတော်မှ တရားစွဲဆိုမှုများ အပေါ် သဘောထား ကြေညာချက်

တပ်မတော်မှ တရားစွဲဆိုမှုများ အပေါ်သဘောထား ကြေညာချက် စာအမှတ်။ ။ ၃/၂၀၁၉ ရက်စွဲ။ ။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ ရက် ၂၀၁၉ခုနှစ် ဧပြီလကတည်းက တပ်မတော်၏ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး တရားရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ဦးကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် မရမ်းကုန်းမြို့နယ် တရားရုံးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁နှစ် ချမှတ်လိုက်သည်။ ထို့ပြင် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်၊ ကဗျာဆရာ ဦးစောဝေနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်တို့အား ၂၀၁၉ခုနှစ် မေလအတွင်း ကော့သောင်းမြို့နယ်တွင် ကျင်းပခဲ့သည့် ဟောပြောပွဲတစ်ခုအတွင်း ဟောပြောချက်များကြောင့် တပ်မတော်မှ ကော့သောင်းမြို့နယ် တရားရုံးသို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု […]

နီပေါလ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများသို့ လေ့လာရေးခရီး

Generation Wave အဖွဲ့မှ အဖွဲ့ဝင်များသည် နီပေါလ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ  ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၆ရက်မှ သြဂုတ်လ ၂ရက်ထိ နီပေါလ်နိုင်ငံ ခတ္တမန္ဒူမြို့သို့ နှီးနှောဖလှယ် လေ့လာရေးခရီးသွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း နီပေါလ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် Asian Academy for Peace and Development,  Support Nepal, Collective Campaign For Peace COCAP, Women for Human Rights, Advocacy Forum, Nagarik Aawaz, Bikalpa အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီးနီပေါလ်နိုင်ငံ၏ အခြေခံဥပဒေ ရေးဆွဲမှုဖြစ်စဉ်၊ ငြိမ်းချမ်းရေး၊လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းမှုကာလ တရားမျှတရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာခဲ့ပြီး မြန်မာနိုင်ငံမှ လက်ရှိဖြစ်စဉ်များကိုလည်း ပြန်လည်မျှဝေ ဆွေးနွေးကာ နှီးနောဖလှယ်ခဲ့ကြသည်။