Entries by GenerationWave

Support Nepal, Collective Campaign For Peace COCAP, Women for Human Rights, Advocacy Forum, Nagarik Aawaz, Bikalpa အဖွဲ့များနှင့်တွေ့ဆုံ

Generation Wave အဖွဲ့မှ အဖွဲ့ဝင်များသည် နီပေါလ်နိုင်ငံမှ  အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ  ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၆ရက်မှ သြဂုတ်လ ၂ရက်ထိ နီပေါလ်နိုင်ငံ ခတ္တမန္ဒူမြို့သို့ နှီးနှောဖလှယ် လေ့လာရေးခရီးသွားရောက်ခဲ့သည်။

“ဝမ်းနည်းကြောင်းထုတ်ပြန်ချက်”

“ဝမ်းနည်းကြောင်းထုတ်ပြန်ချက်” ရက်စွဲ။ ။မေလ ၁၈ရက်၂၀၁၉ခုနှစ် Generation Wave အဖွဲ့မှ စီစဉ်ကျင်းပခဲ့သည့် အကြမ်းမဖက်နိုင်ငံရေးအန်တုလှုပ်ရှားမှုသင်တန်းများ၏ ပင်တိုင်သင်တန်းဆရာတဦးဖြစ်သည့်အပြင် Generation Wave အဖွဲ့၏ နိုင်ငံရေးကိစ္စရပ်များနှင့် အဖွဲ့အစည်းတိုးတက်ရေးကိစ္စရပ်များတွင်လည်း အတိုင်ပင်ခံ အကြံဉာဏ်များ ပေးခဲ့သည့် ရဲဘော်ရဲဘက်တဦးဖြစ်သော ဆရာ ကျော်ကို (ကျော်ကိုကိုဝင်း) ( ABSDF/မကဒတ ဒုတိယဥက္ကဌဟောင်း) သည် ၂၀၁၉ခုနှစ် မေလ ၁၇ရက်ည ၈နာရီ၁၀မိနစ် အချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရသည့်အတွက် Generation Wave (မျိုးဆက်လှိုင်း) အဖွဲ့အနေဖြင့် မဖော်ပြနိုင်လောက်အောင်ကြေကွဲဝမ်းနည်းမိပါကြောင်း မှတ်တမ်းတင်ထုတ်ပြန်အပ်ပါသည်။ Generation Wave

မန္တလေးမြို့တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အထောက်အကူပြု သင်တန်း

(၁၄.၁၂.၂၀၁၉ မှ ၁၈.၁၂.၂၀၁၉ ထိ) (၅) ရက် သင်တန်း ပြုလုပ်ပေးခဲ့ပါသည်။ သင်တန်းခေါင်းစဉ်များ အနေဖြင့် – (၁) လူ့အခွင့်ရေးအဓိပ္ပါယ်ဖွင့်ဆိုချက် (၂) လူ့အခွင့်အရေး အပိုဒ် ၃၀ (၃) အခွင့်အရေး အမျိုးအစားများ (၄) နိုင်ငံတကာစာချုပ်များနှင့် ဖြစ်ပေါ်လာပုံ၊ လူ့အခွင့်အရေး စာချုပ်များကို လက်မှတ်ရေးထိုးပုံ အဆင့်ဆင့် (၅) နိူင်ငံတကာ လူ့အခွင့်အရေးစာချုပ်များနှင့် နောက်ဆက်တွဲစာချုပ်များ (၆) Human Rights Defender များတွင်ရှိရမည် ဗဟုသုတ၊ အရည်အချင်း၊ စိတ်နေ သဘောထားများ (၇) Human Rights Defender များ၏ အခြေအနေ (၈) Human Rights Defender များအား ကာကွယ်ထားသော ဥပဒေများ (၉) Human […]

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)သို့ Generation Waveမှ သွင်းသော ငြိမ်းချမ်းရေးဆိုင်ရာသဘောထားများစာတမ်း

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)သို့ Generation Waveမှ သွင်းသော ငြိမ်းချမ်းရေးဆိုင်ရာသဘောထားများစာတမ်း   ရက်စွဲ။။ ဇူလိုင်လ ၂၆-၂ရရက် ၂၀၁၈ခုနှစ် နိုင်ငံရေးပဋိပက္ခများ၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်စနစ်   မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်ကာလများမှစ၍ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းစစ်သည် ယနေ့ထက်တိုင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ နှစ်ရဝကျော်သက်တမ်းရှိပြီဖြစ်သော ပြည်တွင်းစစ်သည် လူနည်းစုအရေး၊ အမျိုးသားတန်းတူညီမျှရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ဆိတ်သုဉ်းကင်းမဲ့မှုများမှ မြစ်ဖျားခံခဲ့သည်။ ၁၉၆၂ခုနှစ် စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးသည့်နောက်တွင် မြန်မာ့နိုင်ငံရေး ပဋိပက္ခများနှင့် ပြည်တွင်းစစ်အကြား စစ်အာဏာရှင်စနစ်က ပေါ်ပေါက်နေရာယူလာခဲ့သည်။ ယနေ့ကာလတွင်မူ စစ်အာဏာရှင်စနစ်သည် မြန်မာ့နိုင်ငံရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်၏ ဗဟိုချက်မ ပြဿနာရင်းမြစ်ဖြစ်လာသည်ကိုတွေ့ရသည်။ လွတ်လပ်ပြီးစကာလ နိုင်ငံရေးအယူအဆကွဲလွဲမှုများနှင့် အမျိုးသားတန်းတူညီမျှမှုမရှိခြင်းများကို ဒီမိုကရေစီနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသောကြောင့် လက်နက်ကိုင်နည်းလမ်းများကိုင်စွဲကာ ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့ရပြီး၊ ပြည်တွင်းစစ်အကြောင်းပြ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာများက (အကြောင်း) စစ်အာဏာရှင်စနစ်က (အကျိုး)ဟု […]

မြောက်ဦးပဋိပက္ခအပေါ် သဘောထား ထုတ်ပြန်ချက်

မြောက်ဦးပဋိပက္ခအပေါ် သဘောထား ထုတ်ပြန်ချက် ဇန်နဝါရီလ ၁ရ ရက်၊ ၂၀၁၈ခုနှစ်။ စာအမှတ် ၁/၂၀၁၈ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၆ရက်က ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း၂၃၃နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်ရာ အထိမ်းအမှတ်အခမ်းအနားကျင်းပခွင့်ရရှိရန် မြောက်ဦးမြို့ရှိပြည်သူများမှ မြောက်ဦးမြို့နယ်ရဲစခန်းရှေ့တွင် စုဝေးတောင်းဆိုခဲ့ကြသည်။ ထိုသို့စုဝေးတောင်းဆိုမှုကို လူစုခွဲရန်အတွက် ရဲများမှသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူ၉ဦးသေဆုံးပြီး အမြောက်အများဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းနေပြီး ပြည်သူများ၏လွတ်လပ်စွာစုဝေးခွင့်ထုတ်ဖော်ခွင့်တို့ကို အခြေခံဥပဒေမှ အစပြု၍ အာမခံထားပြီးဖြစ်သည်။ ထို့အပြင်ယခုအချိန်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစုပင်လုံ)ကို ခေါ်ယူကျင်းပ၍ ငြိမ်းချမ်းအတွက် ဆွေးနွေးနေချိန်ဖြစ်သည်။ ငြိမ်းချမ်းရေးကြိုးပမ်းရာတွင် အခြေခံအချက်တခုအနေဖြင့် တိုင်းရင်းသားများ၏ဓလေ့ထုံးစံ စာပေယဉ်ကျေးမှုနှင့် သမိုင်းမှန်တို့ကို ထုတ်ဖော်ကျင့်သုံးခွင့်ရှိရန် မဖြစ်မနေလိုအပ်သည်။ ယခုမြောက်ဦးမြို့ပဋိပက္ခဖြစ်စဉ်တွင် လူအမြောက်အများသေဆုံးသည်အထိ ပစ်ခတ်နှိမ်နင်းခြင်းသည် ပြည်သူများ၏လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးတို့ကို မလေးစားဘဲ အကြမ်းဖက်ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်အစိုးရတာဝန်ရှိသူများအနေဖြင့် မြောက်ဦးပဋိပက္ခတွင်ပြည်သူများကိုပစ်ခတ်သတ်ဖြတ်ခဲ့သူများအား အမြန်ဆုံးအရေးယူပေးရန်နှင့် ရခိုင်ပြည်နယ်သားများအားတောင်းပန်ရန် Generation […]

Federalism Training သင်တန်းလျှောက်လွှာပုံစံ

Federalism Training ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၇၊ ၁၈၊ ၁၉ ရက် များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီထိ စိန်ဂျိုးဇက်အောက်မေ့ဘွယ်ခန်းမနှင့် ဓမ္မာရုံ၊ လ/၁၉၄ ၊ ဘုရင့်နောင်လမ်း၊ လမ်းမတော်ရပ်ကွက်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်  Generation Wave မှ ဖက်ဒရယ်လစ်ဇင် သင်တန်းတခုကို စီစဉ်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ရှေ့နေ ဆရာဦးသိန်းဦး မှ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည်၊ နေ့လည်စာနှင့်  လမ်းစရိတ်များစီစဉ်ပေးမည်ဖြစ်ပြီး တောင်ကြီးမြို့မှ သင်တန်းတက်ရောက်မည့် သူများအနေဖြင့် သင်တန်းရက်အပြည့်တက်ရောက်ရန်လိုအပ်ပါသည်။ လူငယ်များကိုဦးစားပေးမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် စက်တင်ဘာ ၁၄ရက်နေ့နောက်ဆုံးထားပြီးဖောင်များကို E-mail နှင့်ဖြစ်စေ ပြန်လည်ပေးပို့ပေးပါ သင်တန်းနှင့် ပတ်သက်ပြီးသိရှိလို့ပါက 📱အာကာ ၀၉၇၈၆၄၇၉၀၈၀ 📱ရတီ ၀၉၉၇၅၉၈၁၄၂၄ ဆက်သွယ်စာရင်းပေးသွင်းမေးမြန်းနိုင်ပါသည်။ […]

ဖက်ဒရယ်လစ်ဇင် သင်တန်း

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈၊၂၉၊၃၀ ရက် များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီထိ  ဓ- ၆/၇၅၊ မေခလမ်း၊ ၆၇ x ၆၈ ကြား၊ ၄၁ x ၄၂ ကြား၊ မဟာမြိုင်အပိုင်း ၁ ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့၊ Equity Myanmar (mdy) Office တွင် Generation Wave မှ  ဖက်ဒရယ်လစ်ဇင် သင်တန်းတခုကို စီစဉ်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ရှေ့နေဆရာဦးသိန်းဦးမှ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်ပါသည်။ ကော်ဖီ၊လက်ဖက်ရည်၊နေ့လည်စာနှင့်  လမ်းစရိတ်များစီစဉ်ပေးမည်ဖြစ်ပြီး  မန္တလေးမှ သင်တန်းတက်ရောက်မည် သူများအနေဖြင့် သင်တန်းရက်အပြည့်တက်ရောက်ရန်လိုအပ်ပါသည်။ လူငယ်များကိုဦးစားပေးမည်ဖြစ်ပါသည်။  တက်ရောက်လိုသူများအနေဖြင့် သြဂုတ်လ ၂၄ရက်နေ့နောက်ဆုံးထားပြီး 📱အာကာ ၀၉၇၈၆၄၇၉၀၈၀ 📱ရတီ […]