ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများ(စက်တင်ဘာလ ၁၆ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိ)
စက်တင်ဘာလ ၁၆ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိ ” မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးချိုးဖောက်ခံရမှုများ” ဆိုင်ရာ အစီရင်ခံစာကို တင်ပြလိုက်ရပါသည်။ စောင့်ကြည့်လေ့လာတွေ့ရှိချက်များအရ – #ဉပဒေမဲ့သတ်ဖြတ်ခြင်း ခံရသူ ( ၁၆)ဦး #မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ (၃၃၀)ဦး #လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်တားဆီးခြင်း ခံရသူ (၁၇)ဦး ရှိကြောင်း တွေ့ရှိရပါသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပါအဝင် ရှမ်းပြည်နယ်တွင် ဥပဒေမဲ့သတ်ဖြတ်ခံရမှုဖြစ်စဉ် (၄)ခုဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း #ဥဒေမဲ့သတ်ဖြတ်မှုဖြစ်စဉ် (၉)ခုဖြစ်ပွားခဲ့ပါသည်။ ဥပဒမဲ့သတ်ဖြတ်မှုဖြစ်စဉ် (၁၃)အနက်မှ စစ်တပ်မှ (၉)ခု ၊ တိုင်းရင်းသားလက်နက်ကိုင် (၁)ခု နှင့် လက်သည်မပေါ် (၃)ခု ကျူးလွန်ခဲ့ကြောင်း […]